Wednesday, February 8, 2017

အငှားယာဉ်မောင်းနှင်ကာ ခရီးသည်များထံမှ ပစ္စည်းများ လုယက်နေသူအဖွဲ့အား ဖမ်းဆီးရမိ




ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ။            ။ အငှားယာဉ်မောင်းနှင်ကာ ခရီးသည်များထံမှ ပစ္စည်းများလုယက်နေသူ အငှားယာဉ်မောင်းနှင့်အဖွဲ့အား ဖမ်းဆီးအရေးယူခဲ့သည်ဟု ယနေ့ ဖေဖော်ဝါရီ ၉ ရက်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ အမျိုးသမီးတစ်ဦးမှ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့မှ ရန်ကုန်မြို့သို့ ခရီးသည်တင်ယာဉ်ဖြင့် ထွက်ခွာလာရာ  ဇန်န၀ါရီ ၂၂ ရက်၊ ည ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ဒဂုံ-ဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။
လှိုင်မြို့နယ်သို့ သွားရောက်ရန်အတွက် အငှားယာဉ်တစ်စီးအား ငှားရမ်း၍ ၎င်းယာဉ်ပေါ်၌ ထိုင်နေစဉ် အမျိုးသားနှစ်ဦးမှ အင်းစိန်မြို့နယ်၊ ကြို့ကုန်းသို့ သွားမည်ဟုဆိုကာ လိုက်ပါစီးနင်းလာစဉ် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ အသည်းရောဂါအထူးကုဆေးရုံအနီးအရောက် ၎င်း၏ ဘေးတွင်လိုက်ပါသူ အမျိုးသားမှ ဓားပြခြိမ်းခြောက်ကာ ပိုက်ဆံအိတ်အတွင်းရှိ SAMSUNG လက်ကိုင်ဖုန်း ၁ လုံး၊ အလေးချိန် ငါးမူးသားခန့်ရှိရွှေဆွဲကြိုး ၁ ကုံး၊ မောင်းကွင်းလက်စွပ် ၂ ကွင်းနှင့် ငွေကျပ် ၂၀၀၀၀ တို့အား လုယူကာ ယာဉ်အား မောင်းနှင်ထွက်ခွာသွားကြောင်း တိုင်တန်းချက်အရ မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၁၂၄/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၂/၁၁၄ ဖြင့် အမှုဖွင့်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ်နှင့်ပတ်သက်၍ စုံစမ်းဆောင်ရွက်ခဲ့ရာ ဇန်န၀ါရီ ၂၃ ရက်တွင် လှိုင်သာယာမြို့နယ် နေသူများဖြစ်ကြသည့် ငရဲ(ခ)ရဲမင်းအောင်နှင့် ဂန်ဘား(ခ) သီဟထွဋ်တို့  ၂ ဦးကို ရန်ကုန်-ပုသိမ် လမ်းဆုံမှ အမှုမှ လက်ကိုင်ဖုန်း၊ ငရဲ(ခ)ရဲမင်းအောင်ထံမှ အရိုးအသွား ၁၀ လက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သန့်ဇင်(ခ)သာကျော်အား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။
ဖမ်းဆီးရမိသူများအား စစ်ဆေးခဲ့ရာ လုယက်မှုများကျူးလွန်ရာတွင် ၎င်းတို့နှင့် အတူ ငဖြိုး(ခ)ဖြိုးသက်ပိုင်ဦး(ခ)ထွန်းမင်းလတ်၊ ငြိမ်းချမ်း(ခ)ငြိမ်းချမ်းကိုကို၊ ပစ်ကြီး(စုံစမ်းဆဲ)၊ ဘိုဘို(ခ)ပိုင်စိုးထက်(စုံစမ်းဆဲ) တို့လည်းပါဝင်ကြောင်း ပေါ်ပေါက်ခဲ့သည်။
ဇန်န၀ါရီ ၂၄ရက်တွင် ငဖြိုး(ခ)ဖြိုးသက်ပိုင်ဦး(ခ)ထွန်းမင်းလတ်ကို လှိုင်သာယာ မြို့နယ်၊ ဗိုလ်ချုပ်လမ်း၌လည်းကောင်း၊ ၂၅.၁.၂၀၁၇ ရက်နေ့တွင် ငြိမ်းချမ်း(ခ) ငြိမ်းချမ်းကိုကိုအား လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားလမ်းပေါ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး ကျန်သူများကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။
၂၀၁၆ ခုနှစ်၊ ဇွန်လ၊ ဇူလိုင်လ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများ နှင့် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလအတွင်းက ၎င်းတို့ ၅ ဦးသည် ရွှေပြည်သာမြို့နယ်၊ ထန်းတပင်မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်များတွင် ၎င်းတို့၏ မော်တော်ယာဉ်ဖြင့် လိုက်ပါစီးနင်းလာကြသည့် ခရီးသည်များထံမှ CAM-21 Huawei ဖုန်း ၁ လုံး ၊ T-800-Teem ဖုန်း ၁ လုံး ၊ Huawei G-610 ဖုန်း ၁ လုံး၊ Huawei G 730 ဖုန်း ၁ လုံး၊ Huawei G 629 ဖုန်း ၁ လုံးနှင့် အမျိုးအစားမမှတ်မိဖုန်း ၁ လုံး၊ ရွှေလက်စွပ်မောင်းကွင် ၂ ကွင်းတို့အား အသီးသီးလုယက်ယူဆောင်ခဲ့ ကြကြောင်း ထပ်မံပေါ်ပေါက်ခဲ့သည်။

from မဇ္ဈိမ
>>>ဆက်ဖတ်ရန်>>> >>

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် လက်နက်ကိုင် အစောင့်အရှောက်များ ထပ်တိုးမြှင့်



နေပြည်တော်(ဖေဖော်ဝါရီ ၈ရက်၊ ၂၀၁၇ခုနှစ်)။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံတော်အကြီးအကဲများ၏ လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနက အဓိကတာဝန်ယူကာ လက်ရှိတွင် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေသည်ဟု နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က ဖေဖော်ဝါရီ ၈ရက်တွင် မဇ္ဈိမကို အတည်ပြုပြောဆိုသည်။
“အရင်တုန်းကဆိုရင် လူပုဂ္ဂိုလ်လုံခြုံရေးကိုပဲ ကျွန်တော်တို့က လက်နက်နဲ့ သုံးတယ်။ ဒါပေမယ့် လက်ရှိအနေအထားမှာ လူပုဂ္ဂိုလ်လုံခြုံရေးအပြင် အကြီးအကဲတွေသွားတဲ့ လမ်းကြောင်းတစ်လျှောက်ရဲ့ လုံခြုံရေးကိုလည်း ယာဉ်တင်ကားတွေ၊ လက်နက်ကိုင်လုံခြုံရေးအစောင့်အရှောက်တွေ တိုးမြှင့်ပြီးတော့မှ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။
အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ ISIS တို့၏ အန္တရယ်ပြုမည့် ပစ်မှတ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ၊ သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ အမည်ပါဝင်နေသည်ဟူသည့် ၂၀၁၆၊ ဩဂုတ်လအတွင်းက ခြိမ်းခြောက်မှု သတင်းများထွက်ပေါ်ကတည်းကစပြီး လုံခြုံရေးတိုးမြှင့်ထားခြင်းဖြစ်ကာ ဇန်နဝါရီ ၂၉ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရသည့် အကြမ်းဖက်ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ထပ်မံ၍ လုံခြုံရေး တိုးမြှင့်ထားခြင်းလည်း ဖြစ်သည်။
“နေပြည်တော်နယ်မြေဆိုတာ သမ္မတတိုက်ရိုက်အုပ်ချုပ်တဲ့နယ်မြေဖြစ်လို့ ကျွန်တော်တို့ ဒီမှာ အထိအခိုက် မခံနိုင်ဘူး” ဟု ရဲမှူးကြီး ဇော်ခင်အောင်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့တွင် ကျင်းပမည့် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်မည် ဖြစ်သည်။
နိုင်ငံတော်အဆင့် အခမ်းအနားများနှင့် ယခုလအတွင်း ၂၁ရာစုပင်လုံ ဒုတိယအကြိမ်ညီလာခံ ကျင်းပရန်ရှိနေသည့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရဲတပ်ဖွဲ့က လုံခြုံရေးအင်အား တိုးမြှင့်ဆောင်ရွက်လျက်လည်း ရှိနေသည်။
>>>ဆက်ဖတ်ရန်>>> >>

ဦးကိုနီလုပ်ကြံမှုတွင် ပါဝင်သူအကြောင်း ထုတ်ဖော်ပြီးနောက်ပိုင်း ဦးအောင်စိုး၏ ဆံသဆိုင် စီးပွားရေးကျဆင်းသွား



ရန်ကုန် (Myanmar Now) - ရန်ကုန်လေဆိပ် လူသတ်ကောင် ဦးကြည်လင်းကို စေခိုင်းသူသည် ဘုရားခိုးဂိုဏ်းဝင် ဦးအောင်ဝင်းဇော်ဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သူ ဦးအောင်စိုးက ထိုသို့ ဖွင့်ချပြောဆိုပြီး နောက်ပိုင်း သူ၏ ဆိုင်သို့ လာရောက်ဆံပင်ညှပ်၊ အလှပြင်သူဦးရေ သိသိသာသာ နည်းပါးသွားကာ စီးပွားရေး ထိခိုက်မှုရှိလာကြောင်း ပြောသည်။
ယခင်အချိန်များက တစ်ရက်လျှင် ပျမ်းမျှကျပ် နှစ်သောင်းကျော် ဝင်ငွေရရှိလာခဲ့ရာမှ ယခုရက်ပိုင်းအတွင်း ယခင်ဝင်ငွေ၏တစ်ဝက်ပင် မရရှိတော့ကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ ထိုသို့ထုတ်ဖော် ပြောကြားပြီးနောက်ပိုင်း ပုံမှန်ဖောက်သည်များကပင် သူ၏ ဆိုင်တွင် တစ်ခုခုဖြစ်လာနိုင်မည်ကို စိုးရိမ် ထိတ်လန့်ကာ မလာရောက်ကြခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဦးအောင်စိုးက ခန့်မှန်းသည်။
>>>ဆက်ဖတ်ရန်>>> >>

မေယု FM ထုတ်လွှင့်မှု ရပ်ဆိုင်းရန် ရခိုင် ၁၃ မြို့နယ်မှ ကန့်ကွက်မည်





စစ်တွေ၊ ဖေဖေါ် ဝါရီ ၈ ရက်။               ။ ရခိုင်မြောက်ပိုင်း မောင်တောဒေသတွင် စမ်းသပ်ထုတ်လွှင့်လျက်ရှိသည့် မေယု FM အစီအစဉ်ကို ရပ်ဆိုင်းရန် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၃ ခုမှ ကန့်ကွက်မှုတစ်ရပ် ပြုလုပ်ရန် စီစဉ်နေကြသည်။
အဆိုပါ ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲကို ဖေဖေါ်ဝါရီ ၁၀ ရက်နေ့တွင် တပြိုင်နက်ပြုလုပ်မည်ဖြစ်ကြောင်း ဆန္ဒပြအဖွဲ့ ခေါင်းဆောင် တောင်ကုတ်မြို့နယ်မှ ကိုမောင်မောင်သက်က ပြောသည်။
>>>ဆက်ဖတ်ရန်>>> >>

နတ်မြစ်ငါးခိုးလှေများအားတပ်မတော်ရေမှ ပြစ်ခတ်ဖမ်းဆီးမှုဖြစ်

ရခိုင်ပြည်နယ် နတ်မြစ်ရှိ မြန်မာပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့သည့် ငါးဖမ်းလှေ ၈ စင်းနှင့် တပ်မတော်ရေ တို့ ဖေဖော်ဝါရီ ၆ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်သည်။
နယ်ခြားစောင့် တပ်မတော် ကင်းလှည့်ယာဉ်သည် မောင်တောမြို့နယ် ကညင်ချောင်းနှင့် ညောင်ချောင်း အကြား ပိုင်နက်အတွင်း ဝင်ရောက်နေသည့် တရားမဝင် ငါးဖမ်းလှေများကို မော်တော်ဘုတ်ဖြင့်  စစ်ဆေး ရန် သွားရောက်စဉ် ရန်ပြုသည့်အတွက် လက်နက်ငယ်ဖြင့်၂ ချက် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။
ဦးတင်မောင်ဆွေက “ကျနော်တို့က ဥပဒေနဲ့ အညီ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နေပါတယ်။ ပိုင်နက်ထဲ ကျော်ဝင်လာရင် ပစ်စရာရှိ ပစ်ရမှာပဲ၊ ဖမ်းစရာရှိ ဖမ်းရမှာပဲ”ဟု ဧရာဝတီသို့ပြောသည်။
နတ်မြစ်အတွင်း မြန်မာပိုင်နက်ဘက်သို့ တရားမဝင်ငါးဖမ်းလှေများ ခိုးဝင်မှုအပေါ် ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်အနေဖြင့် တားဆီးပေးရန်၊ ယခုဖြစ်စဉ်ကို ကန့်ကွက်သည်ဟု ပစ်ခတ်မှု ဖြစ်သည့်နေ့က အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။
>>>ဆက်ဖတ်ရန်>>> >>

Tuesday, February 7, 2017

သင်္ဃန်းကျွန်းမြို့နယ်တွင် YBS ခရီးသည်တင်ယာဉ်ပေါ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျ သေဆုံး





ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင် YBS ခရီးသည်တင်ယာဉ်ပေါ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျ သေဆုံးမှု ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းအတိုင်း ဇ၀နကားမှတ်တိုင်မှ အသင်းတိုက် ကားမှတ်တိုင်ဘက်သို့ ယာဉ်မောင်း စောသန့်ဇင် မောင်းနှင်လာသော YBS (၁၀) ယာဉ်လိုင်းခရီးသည်တင်ယာဉ်သည် အသင်းတိုက်မှတ်တိုင် အရောက်တွင် ခရီးသည် အတင်အချ ပြုလုပ်ပြီး တာမွေမြို့နယ်ဘက်သို့ မောင်းနှင်စဉ် ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် ခရီးသည်တစ်ဦးဖြစ်သည် ဒေါ်ဝင်းကြည် (၅၂ နှစ်) သည် ယာဉ်ပေါ်မှ ပြုတ်ကျပြီး ယာဘက်ပေါင်၊ တင်ပါးဆုံနှင့် တံတောင်ပွန်းပဲ့ဒဏ်ရာများ ရရှိကာ ရန်ကုန်အရှေ့ပိုင်းခရိုင် ဆေးရုံကြီးသို့ တင်ပို့ကုသနေစဉ် ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရသည်။
ခရီးသည်တစ်ဦး သေဆုံးခဲ့သည့်အတွက် YBS (၁၀) ယာဉ်လိုင်းခရီးသည်တင်ယာဉ်အား မောင်းနှင်သည့် ယာဉ်မောင်း စောသန့်ဇင်နှင့် ယာဉ်နောက်လိုက် မျိုးသူအောင်တို့အား သင်္ဃန်းကျွန်းမြို့မ ရဲစခန်းက ယာဉ်(ပ) ၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်ထားသည်။

FROM  ELEVEN


>>>ဆက်ဖတ်ရန်>>> >>

လီပါပူး အသင်းတွက် နည်းပြကလော့ လာမယ့် နွေရာသီမှာ ဖြည့်တင်းဖို့ လိုအပ်နေတဲ့ ၆ နေရာ










နည်းပြကလော့ လာမယ့် နွေရာသီမှာ ဖြည့်တင်းဖို့ လိုအပ်နေတဲ့ ၆ နေရာ
အခု လောလောဆယ်အနေအထားအရ လီဗာပူးအသင်းမှာ အရန်အင်အား မလုံလောက်မှု ပြသနာနဲ့ ကြုံတွေ့နေရပီး
အဓိက တိုက်စစ်မူး ၂ ယောက်ကလည်း အသင်းရဲ့ ကစားကွက်နဲ့ အံမ၀င်တာကြောင့် အသင်းရဲ့ ရလဒ်တွေဟာ ဆက်တိုက်
ကျဆင်းနေပီး အဆင့် ၅ နေရာထိ ဆင်းပေးခဲ့ရပါပီ.... အသင်းပရိတ်သတ်တွေ တောင့်တနေတဲ့ ကစားသမားဖြည့်ဆည်းမှုကို
လည်း ဆောင်းရာသီဈေးကွက်မှာ မလုပ်ဆောင်နိင်ခဲ့ပါဘူး.. ဇန်န၀ါရီမှာ မာနေ အာဖရိက ထွက်ခွာသွားမှုနဲ့အတူ ကော်တင်ဟို
ဒဏ်ရာ မကင်းတကင်း အသင်းခေါင်းဆောင် ဟန်ဒါဆန် ဒဏ်ရာ မကင်းစင် တဲ့ အချိန်တွေမှာ အသင်းရဲ့ အားထားရတဲ့ ကစား
သမားတွေ ဒဏ်ရာ ပြသနာ နဲ့ ရင်ဆိုင်နေရချိန်မှာ အသင်းဟာ ဟန်ချက်ပျက်ပီး ဘာမဟုတ်တဲ့ အသင်းလေးတွေကိုတောင်
အရှုံးပေးနေရပါတယ်..... ဂိုးသမား ၂ ယောက်ကလည်း ဘယ်သူကမှ စိတ်ချရတဲ့ အနေအထားမှာ ရှိမနေပြန်ပါဘူး.....ဒါကို
နည်းပြ ကလော့ နဲ့ အသင်းပိုင်ရှင်တို့ ဖြည့်ဆည်းဖို့ လိုအပ်နေပါတယ်........ ကျနော့် အမြင်ကတော့ လီဗာပူးအနေနဲ့ နေရာ
၆ နေရာ ဖြည့်ဆည်းဖို့ လိုအပ်နေတယ်လို့ မြင်မိပါတယ်..........
>>>ဆက်ဖတ်ရန်>>> >>

အန်စာတုံးကား မီးလောင်မှု့ သတင်း


ကတော်တော်စိတ်ဝင်စားဖို့ကောင်းနေပြီ
မီးမလောင်ဖဲကျန်နေတဲ့ ထမင်းချိုင့် စတီးချိုင့်က
ဘယ်ကနေရောက်လာတာလဲ ?????
သူတို့တွေအားလုံးမှာ ဘာချိုင့်မှမပါဘူးတဲ့
သေဆုံးသူ မသင်းသင်းမော် အမျိုးသားရဲ့ ပြောဆိုမှု့
မီးမလောင်ဖဲကျန်နေတဲ့ စတီးချိုင့်က CID လက်ထဲရောက်တော့
ကိုင်းတွေဖဲရှိတော့တယ်တဲ့

3 mins 
>>>ဆက်ဖတ်ရန်>>> >>

ပီရူးနိုင်ငံတွင် ဖြစ်ပေါ်နေသော ရေလွှမ်းမိုးမှုများကြောင့် သေဆုံးသူဦးရေ ၂၅ ဦးထိ ရှိလာ



ဖေဖော်ဝါရီ ၇ ။              ။ ပီရူးနိုင်ငံတွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေခဲ့ရာ ယခုအခါ သေဆုံးသူ ဦးရေမှာ ၂၅ ဦးထိ မြင့်တက်လာခဲ့ပြီ ဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်သည်။
နိုင်ငံမြောက်ပိုင်းဒေသရှိ  Lambayeque မြို့တစ်မြို့လုံးလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးခံနေရလျက်ရှိပြီး ယင်းမြို့မှ သချိုင်းမှာလည်း ပျက်စီးသွားခဲ့ရပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်လတစ်လလုံးအတွင်း ယင်းနိုင်ငံတွင် ရေလွှမ်းမိုးမှုများ၊ မြေပြိုမှုများလည်း ပေါ်ပေါက်ခဲ့ရာ လူပေါင်း ၃၆,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ပြီးခဲ့သည့် ဇန်န၀ါရီ ၃၀ ရက်က အာဏာပိုင်များက ထုတ်ပြန်ခဲ့သေးသည်။
ယခုအခါ နိုင်ငံတောင်ဘက်ခြမ်း ဒေသများအားလုံးတွင် အစိုးရက အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာထားခဲ့ရသည်။ ရေလွှမ်းမိုးများကြောင့်လည်း လမ်းများ ပိတ်ဆို့နေခဲ့ရပြီး သီးနှံစိုက်ခင်းများ၊ လမ်းတံတားများနှင့် အဆောက်အအုံများ ပျက်ဆီးဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။
>>>ဆက်ဖတ်ရန်>>> >>

အာဖဂန်နစ္စတန်တရားရုံးချုပ်တွင် အသေခံဗုံးခွဲ၍ လူ ၁၉ ဦးသေဆုံး






ကဘူးလ်၊ ဖေဖော်ဝါရီ ၇ ။          ။ အာဖဂန်နစ္စတန်နိုင်ငံရဲ့ တရားရုံးချုပ်မှာ ဖေဖော်ဝါရီ ၇ ရက်က ဝန်ထမ်းများ အလုပ်ဆင်းချိန် အသေခံဗုံးခွဲသမားတစ်ဦး ဗုံးဖောက်ခွဲ၍  အနည်းဆုံးလူ ၁၉ ဦးသေဆုံးပြီး ၄၁ ဦး ဒဏ်ရာရပါတယ်။ တစ်လတာအတွင်း အစိုးရဌာနဆိုင်ရာကို ဒုတိယအကြိမ်တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။
ဝန်ထမ်းတွေ အိမ်ပြန်ဖို့ ကားပေါ်တက်ချိန် ကားပါကင်ကို အသေခံဗုံးခွဲသူက ခြေလျင်ရောက်လာပြီး ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး နာဂျီဘူလက်ရှ်ဒန်နစ်က အေအက်ဖ်ပီကို ပြောပါတယ်။
သေဆုံးဒဏ်ရာရမှုစာရင်းကို ထုတ်ပြန်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဒဏ်ရာရသူတွေမှာ ကလေးနဲ့ အမျိုးသမီးတွေလည်း ပါကြောင်း ဆိုပါတယ်။
ပြီးခဲ့တဲ့လကလည်း ပါလီမန်အဆောက်အအုံအဝင်မှာ အသေခံဗုံးခွဲမှု နှစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ တာလီဘန်တွေက ၎င်းတို့လက်ချက်လို့ ကြေညာထားတဲ့ ဒီအသေခံဗုံးခွဲမှုမှာတော့ လူ ၃၀ သေဆုံးပြီး ဒဏ်ရာရသူက ၈၀ ထက်မနည်း ရှိခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာ အာဖဂန်နိုင်ငံအတွင်း အရပ်သားများ သေကျေဒဏ်ရာရမှုက အမြင့်ဆုံးနှုန်းအထိ စံချိန်တင်ပြီး သေဆုံးဒဏ်ရာရသူဦးရေ ၁၁၅၀၀ နီးပါးရှိကာ ယင်းနှုန်းထား၌ သုံးပုံတစ်ပုံမှာ ကလေးများဖြစ်ကြောင်း ကုလသမဂ္ဂက ဖေဖော်ဝါရီ ၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

လူ ၄၀ သေဆုံးသည့် ရေဘေးကြုံနေသော ထိုင်းတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာနိုင်ဟု မိုးလေဝသထုတ်ပြန်





ထိုင်းနိုင်ငံ၌ တောင်ပိုင်းပြည်နယ် ၁၂ ပြည်နယ်တွင် ဇန်နဝါရီ ၁ ရက်မှစပြီး ရေကြီးမှုများ ဖြစ်၍ လူ ၄၀ သေဆုံးခဲ့ရပြီဖြစ်ချိန် လာမည့် ဇန်နဝါရီ ၁၆ ရက်ကစကာ မိုးများ ပိုမိုသည်းထန်လာနိုင်ခြေရှိကြောင်း မိုးလေဝသဌာနက ထုတ်ပြန်သည်။
ဇန်နဝါရီ ၁၆ ရက်မှ ၁၈ ရက်အထိ မိုးသည်းထန်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် ချမ်ဖွန်၊ ဆူရတ်ဌာနီ၊ နက်ခွန်စီသမ်မာရတ်၊ ပတ်သာလန်း၊ ဆွန်ခလာ၊ ပတ်တန်နီ၊ ယာလာနှင့် နာရာသီဝတ်ပြည်နယ်များတွင် မိုးပိုနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းခြင်းဖြစ်သည်။
ဇန်နဝါရီ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင်လည်း နက်ခွန်စီသမ်မာရတ်၊ ပတ်သာလန်း၊ ဆွန်ခလာ၊ ပတ်တန်နီ၊ ယာလာနှင့် နာရာသီဝတ်တို့တွင် မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။
“ဆိုးဝါးတဲ့ အခြေအနေနဲ့ ကြုံလာနိုင်တဲ့ ရေကြီးမှုတွေကို ပြည်သူတွေအနေနဲ့ သတိရှိနေရမှာဖြစ်တယ်။ ရေကြီးရာအရပ်တွေမှာ မြေပြိုမှုတွေ ဖြစ်ပွားမှာ ဂရုစိုက်ရမှာလည်းဖြစ်တယ်။ ပြည်သူတွေအနေနဲ့ မိုးလေဝသသတင်းတွေကို မပြတ်နားစွင့်ထားသင့်တယ်။”ဟု မိုးလေဝသဌာနက ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဇန်နဝါရီ ၁၄ ရက် ဖော်ပြသည်။
ရေကြီးမှုဘေးအတွင်း သေဆုံးမှုအများဆုံးမှာ နက်ခွန်စီသမ်မာရတ်ပြည်နယ်ဖြစ်ပြီး ဆယ့်တစ်ဦးအထိ သေဆုံးသည်။ ဥတုဖောက်ပြန်သည့် မိုးရွာသွန်းမှုနှင့် ဆိုးဝါးသည့် ရာသီတို့ကြောင့် တောင်ပိုင်းဒေသများတွင် လမ်းများ၊ ရထားလမ်းများ ပြတ်တောက်နေသည်။ ရေကြီးမှုကြောင့် ဇန်နဝါရီ ၆ ရက်မှ ၁၃ ရက်အထိ နက်ခွန်စီသမ်မာရတ်ပြန်နယ်ရှိ လေဆိပ်ကိုလည်း ပိတ်ထားရသည်။
ယခုရေကြီးမှုဘေးကို အိမ်ထောင်စုပေါင်း ၅၂၂၃၃၀ မှ ပြည်သူပေါင်း ၁ ဒဿမ ၆ သန်း ရင်ဆိုင်ကြုံတွေ့နေရကြောင်း သဘာဝဘေးတားဆီးကာကွယ်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲ ချတ်ချိုင်းပရွမ်လတ်က ဇန်နဝါရီ ၁၄ ရက်တွင် ပြောခဲ့သည်။
>>>ဆက်ဖတ်ရန်>>> >>

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးတိုးမြှင့်






ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနဲ့ ရပ်ရွာအေးချမ်းသာယာရေး၊  တရားဥပဒေစိုးရေးအတွက် ခရိုင် ၄ ခရိုင်အတွင်းရှိ မြို့နယ်တွေမှာ လုံခြုံရေးတာဝန်တွေ တိုးမြှင့်ချထားဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
နယ်မြေများအလိုက် ရပ်ကင်းတွေ၊ စက်ဘီးလှည့်ကင်းတွေ၊ မော်တော်ဆိုင်ကယ်လှည့်ကင်းတွေ၊ မော်တော်ယာဉ် လှည့်ကင်းတွေအပြင် ယာဉ်စစ်ပိတ်ဆို့လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မြို့ဝင် မြို့ထွက်နေရာတွေ၊ အရေးကြီးအဆောက်အအုံတွေဖြစ်တဲ့ သာသနိကအဆောက်အအုံတွေ၊ တန်ခိုးကြီးဘုရားစေတီတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ တက္ကသိုလ်၊ ကောလိပ်တွေ ဘာသာရေး အဆောက်အုံတွေ၊ ပန်းခြံ၊ ဥယျာဉ်နဲ့ကစားကွင်းတွေ၊ လူစည်ကားရာနေရာ ဈေးဝယ်စင်တာတွေ၊ ဈေးတွေ၊ ကုန်တိုက်တွေ၊ လေဆိပ်၊ သင်္ဘောဆိပ်၊ သဗ္ဗာန်ဆိပ်၊ အဝေးပြေးယာဉ်ရပ်နားစခန်းတွေမှာ စစ်ဆေးဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဟိုတယ်၊ မိုတယ်၊ အင်းနဲ့တည်းခိုခန်းတွေမှာလည်း တာဝန်ရှိသူတွေ ပူးပေါင်းကာ တည်းခိုသူစာရင်းတွေကိုလည်း စစ်ဆေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
သတင်းဓာတ်ပုံ – ရန်ကုန်တိုင်းရဲတပ်ဖွဲ့
>>>ဆက်ဖတ်ရန်>>> >>

မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေး အုန်းချောကျေးရွာတွင် မီးလောင်








မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေး အုန်းချောကျေးရွာမှာ မနေ့ည ၉း၃၀ နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မြမာလာခန်းမဘေးမှ စတင်လောင်ကျွမ်းခဲ့တယ်လို့သိရပြီး နေအိမ် ၂ လုံး မီးလောင်ခံခဲ့ရပါတယ်။
မီးလောင်မှုအပေါ် မီးသတ်ဌာနမှ level 3 အဆင့်သတ်မှတ်ပြီး မီသတ်ကား ၅၀ ကျော်၊ မီးသတ်အင်အား ၂၀ ခန့်နဲ့ ငြှိမ်းသတ်ခဲ့ပါတယ်။
မီးလောင်မှုကြောင့် လူသေဆုံးမှုမရှိဘဲ ည ၁၀ နာရီ ၁၅ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
FROM DVB
>>>ဆက်ဖတ်ရန်>>> >>

ထီရောင်းခွန် ၁၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ်ပြန်ထည့်သွင်းပေးရေး လွှတ်တော်တွင် ဆွေးနွေး







အောင်ဘာလေထီ ရောင်းရငွေ အခွန် ၄၀ ရာခိုင်နှုန်းထဲမှ ၁၀ ရာခိုင်နှုန်းကို အောင်ဘာလေသိန်းဆုမဲအဖြစ် ပြန်လည်ထည့်သွင်းပေးရေးအဆို ပြည်သူ့လွှတ်တော်မှာ အနိုင်ရရှိခဲ့ပါတယ်။
ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ မိုးမောက် အမတ်  ဦးဝင်းအောင်က မြန်မာနိုင်ငံအတွင်းရှိ ထီထိုးသူတွေ အဆင်ပြေစေရန်၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့် မှုခင်းလျှော့ချရေးအတွက် အောင်ဘာလေထီ ရောင်းရငွေ အခွန် ၄၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကို အောင်ဘာလေသိန်းဆုအဖြစ် ထည့်သွင်းပေးပြီး အခွန် ၃၀ ရာခိုင်နှုန်းသာ ကောက်ခံဖို့ အစိုးရကို တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့တာပါ။
ဒီအဆိုကို ကန့်ကွက်သူရှိတဲ့အတွက် လွှတ်တော်တွင်း စက်ခလုပ်နှိပ် မဲခွဲဆုံးဖြတ်ရာမှာ အဆိုထောက်ခံသူများတဲ့ အတွက် လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပြီး ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ စာရင်းပေးသွင်းဖို့ လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်က ကြေညာခဲ့ပါတယ်။

FROM  DVB
>>>ဆက်ဖတ်ရန်>>> >>




ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းသစ် YBS (Yangon Bus Service) စတင်ပြေးဆွဲသည့် ဇန်နဝါရီလ ၁၆ မှ ၃၁ ရက် အထိ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ အပေါ် ခရီးသည်များ၏ တိုင်ကြားမှု ၁၀၀၀ ကျော် အနက် ကဏ္ဍအလိုက် အမှုပေါင်း ၆၀ ကျော် အရေးယူထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင် က ဧရာဝတီ ကို ပြောသည်။
ဒေါက်တာမောင်အောင် က “တိုင်တဲ့အမှုတွေက တခုနဲ့ တခုမတူဘူးပေါ့၊ အထောက်အထား ခိုင်လုံတဲ့ အမှုမျိုးဆိုရင် ချက် ချင်း အရေးယူတာမျိုးလည်းရှိတယ်၊ ဥပမာ ရိုင်းစိုင်းတာမျိုး၊ ခရီးသည်ကို မချေမငံ ပြောတာမျိုးဆိုရင် ချက်ချင်းအရေးယူ ပါတယ်၊ လက်သီးနဲ့ ထိုးတာမျိုး ဆိုရင်တော့ ရဲဆီကို တခါတည်းအပ်လိုက်တယ်၊ ပြီးရင် တရားရုံးတင်တယ်၊ အရေးယူ တယ်” ဟု ဆိုသည်။
စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ၏ လိုင်စင်အား သိမ်းယူမည် ဖြစ်ကာ လိုင်စင် သိမ်းဆည်းခံရသူများသည် ယာဉ်လိုင်းများတွင် မောင်းနှင်ခွင့် ရှိတော့မည် မဟုတ်ကြောင်း YBS အာဏာပိုင် အဖွဲ့ထံက သိရသည်။
ဒေါက်တာ မောင်အောင်က “လူတယောက်က တနေရာမှာ ပြစ်မှုကျူးလွန်တယ်ဆိုရင် တခြား ဘယ်ယာဉ်လိုင်းမှာမှ ဝင် လုပ်ခွင့် မရှိတော့ပါဘူး၊ ကုမ္ပဏီတွေကိုလည်း အမှတ်ပေး ဇယားနဲ့လုပ်ဆောင်ဖို့ ပြောထားတာတွေ ရှိပါတယ်” ဟု ဆိုသည်။
ဂိတ်စ၊ ဂိတ်ဆုံး မောင်းနှင်မှုမရှိခြင်း၊ ပြိုင်မောင်းခြင်း၊ သတ်မှတ်ချိန် အတိအကျ မမောင်းခြင်း စသည့် ကိစ္စများတွင် ယာဉ်လိုင်းများကို တာဝန်ယူထားသည့် သက်ဆိုင်ရာ ကုမ္ပဏီများ က အရေးယူရန် ညွှန်ကြားထားကြောင်း YBS အာ ဏာပိုင် အဖွဲ့က ပြောသည်။
တိုင်ကြားစာများအနက် အချို့ တိုင်ကြားစာများသည် အထောက်အထား မခိုင်လုံ၍ အရေးယူရန် မလွယ်ကူကြောင်း၊ အထောက်အထား ခိုင်လုံသည့် တိုင်ကြားစာများကို ကဏ္ဍအလိုက် ထိရောက်စွာ အရေးယူသွားမည်ဟု သိရသည်။
ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို ပညာပေးမှု လုပ်ဆောင်မည့် အစီအစဉ်များရှိကြောင်း၊ ခရီး သည်များ အတွက် လတ်တလော အဆင်မပြေဖြစ်နေသည့် ယာဉ်အစီးရေ နည်းပါးမှု အခက်အခဲများအား ဖြေရှင်းနိုင်ရန် စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။
ဒေါက်တာ မောင်အောင် က “မတ်လ၊ ဧပြီလ လောက်ဆိုရင်တော့ ကားစီးရေ များလာပြီးတော့ အားလုံး အဆင်ပြေသွား နိုင်မှာပါ” ဟု ဆိုသည်။
ယာဉ်လိုင်းသစ်များ တိုးချဲ့ပြေးဆွဲခြင်း၊ ယာဉ်စီးရေ တိုးချဲ့ ပြေးဆွဲခြင်းများ လုပ်ဆောင်နိုင်ရန် ကုမ္ပဏီများက ယာဉ် အစီးရေ ၁၀၀၀ ဝန်းကျင်ကို ပြည်ပမှ မှာယူထားသော်လည်း အစီးရေ ၁၀၀ ခန့်သာ ရောက်ရှိသေးကြောင်း သိရသည်။
လက်ရှိ ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများအား ရုံးချိန်များတွင် ၂ မိနစ်လျှင် တစီး ထွက်ရန် သတ်မှတ်ပေးထားသော် လည်း ယာဉ်စီးရေ နည်းပါးသည့် အတွက် အချိန်အနည်းငယ် စောင့်ဆိုင်းပြီး ထွက်ခွာရကြောင်း၊ ခရီးသည် နည်းပါးလျှင် မှတ်တိုင်၌ မိနစ် အနည်းငယ် စောင့်ဆိုင်းမှု ရှိကြောင်း မြောက်ဒဂုံ- ဆူးလေ မောင်းနှင်သည့် ၁၂ ယာဉ်လိုင်းမှ ယာဉ် နောက်လိုက် အချို့က ပြောသည်။
ထို့အတူ YBS ယာဉ်လိုင်းအများစုတွင် ခရီးသည် အချို့က ငွေထည့်ပုံးထဲသို့ ငွေမထည့်ဘဲ စီးကြသည့် အတွက် လိုက်လံ ကောက်ခံရမှုများ ရှိကြောင်းလည်း သိရသည်။
ယာဉ်နောက်လိုက် တဦးက “ပုံးထဲထည့်ကြဖို့ အော်နေပေမယ့် တချို့က ထည့်မသွားကြဘူး၊ ခရီးသည်ဆီကို သွားပြီး ကောက်ယူရတာမျိုး လည်းရှိတယ်၊ လူများတဲ့အချိန်ဆို တချို့တွေက ပုံးထဲ မထည့်တဲ့အပြင် လိုက်ပြီးကောက်တဲ့အခါ မသိချင်ယောင် ဆောင်နေတာ မျိုးတွေရှိပါတယ်၊ အများစုကတော့ ပုံးထဲမှာ ထည့်ပြီး စီးကြပါတယ်” ဟု ဆို သည်။
ခရီးသည်များကမူ YBS ယာဉ်လိုင်း အများစုတွင် ယာဉ်စီးခ ပေးဆောင်ရန် ငွေထည့်ပုံးများ တပ်ဆင်ထားသော်လည်း ပုံးထဲသို့ ထည့်ခွင့် မပေး ဘဲ ယာဉ်နောက်လိုက်များ ကိုယ်တိုင် လိုက်လံ ကောက်ခံမှုများ ရှိကြောင်း ခရီးသည်များက ပြောသည်။
ယာဉ်စီးခ ပေးဆောင်သည့် စနစ်အား စနစ်တကျ ဖြစ်စေရန် တဖြည်းဖြည်း ဆောင်ရွက်မည် ဖြစ်ကြောင်း၊ စည်းကမ်း ဖောက်ဖျက်သည့် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ ရှိပါက အထောက်အထား ခိုင်လုံစွာဖြင့် YBS မှ ထုတ်ပြန်ထားသော ဖုန်းနံပတ်များဖြင့် တိုင်ကြားနိုင်ကြောင်း၊ လက်ရှိတွင် YBS ယာဉ်လိုင်း ၇၉ လိုင်းနှင့်ယာဉ်စီးရေ ၃၉၀၀ ကျော်ဖြင့် ပြေးဆွဲပေးနေကြောင်း သိရသည်။
>>>ဆက်ဖတ်ရန်>>> >>

ကုလဖေါ်ပြချက် စုံစမ်းစစ်ဆေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို




ရခိုင်ပြည်နယ် ပဋိပက္ခတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာမှာ မွတ်စလင်တွေအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တံခါးပိတ် စည်းဝေးပွဲမှာ အစီရင်ခံစာ ဖေါ်ပြချက်တွေကို မြန်မာ ကိုယ်စားလှယ်က လက်မခံဘဲ လုံးဝငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။

စည်းဝေးပွဲတက်ရောက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ်က ပြောဆိုခဲ့တာပါ။
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို ထွက်ပြေးလာခဲ့ကြသူတွေထဲက လူနှစ်ရာကို ကုလသမဂ္ဂ က မေးမြန်းခဲ့ရာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ၊ အုပ်စုလိုက် အဓမ္မကျင့်မှု တွေ အပါအ၀င်၊ ကလေးငယ်တွေကို သတ်ဖြတ်မှုတွေကိုပါ ထွက်ဆိုခဲ့ကြတယ်လို့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
အဲဒီ ကုလသမဂ္ဂ အစီရင်ခံစာနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးစိုးက ကုလသမဂ္ဂရဲ့ စုံစမ်းချက်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ အလေး အနက်ထားပြီး စုံစမ်းစစ်ဆေးမှာဖြစ်ကြောင်း၊ ဒါပေမဲ့ တဖက်မှာ မြန်မာနိုင်ငံဟာ သတင်းမှားတွေ။ လုပ်ကြံသတင်းတွေရဲ့ သားကောင်ဖြစ်နေကြောင်း၊ စွပ်စွဲချက်တွေ မှန်မမှန် မိမိတို့မသိရ သေးကြောင်း၊ မှန်တယ်ဆိုရင် အရေးယူမှာဖြစ်ကြောင်း ရိုက်တာသတင်းကို မနေ့က ပြောဆိုခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ ၄၃ မျက်နှာပါ ကုလသမဂ္ဂ အစီရင်ခံစာပါ အချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေအရ လုံခြုံရေးတပ်ဖွဲ့တွေအပေါ် မထိန်းချုပ်နိုင်ကြောင်းလည်း ရိုက်တာ သတင်းက ဖေါ်ပြပါတယ်။

RFA Burmese
>>>ဆက်ဖတ်ရန်>>> >>

မလေးရှားသင်္ဘောအနီး မြန်မာရေတပ် စစ်သင်္ဘောရောက်ရှိ




ခိုးဝင်ဘင်ဂါလီဒုက္ခသည်တွေကိုကူညီဖို့ဆိုပြီး မလေးရှားကနေ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့အသုံးအဆောင်တွေ တင်ဆောင် ကာ ရန်ကုန်ကို ဦးတည်ထွက်ခွာလာနေတဲ့ သင်္ဘောအနီးကို မြန်မာရေတပ်က စစ်သင်္ဘောတစင်း ရောက်နေပြီလို့ သိရပါတယ်။

အဲဒီသင်္ဘောမှာ နိုင်ငံ ၁၂ နိုင်ငံက လုပ်အားပေး ၁၉၅ ယောက်လိုက်ပါလာပြီး၊ သူတို့ကို ကိုယ့်နေရာမှာ ကိုယ်နေ ကြဖို့ သင်္ဘောမာလိမ်မှူးက ညွှန်ကြားထားသလို၊ မလေးရှားကာကွယ်ရေးဝန်ကြီး၊ မလေးရှား ရေတပ်ဦးစီးချုပ် တို့ကိုလည်း ဆက်သွယ်ထားတယ်လို့ ဆိုပါတယ်။

သင်္ဘောပေါ်မှာ ရိက္ခာတန်ချိန် ၂၃၀၀ ပါလာပြီး၊ ရန်ကုန်ကိုရောက်ဖို့ ၁၈ ရက်ကြာမယ်လို့ ခန့်မှန်းထားပါတယ်။

RFA Burmese
>>>ဆက်ဖတ်ရန်>>> >>

ရန်ကုန် Water Taxi ခရီးစဉ် မကြာခင် စတင်ဖို့ရှိ




လှိုင်မြစ် နဲ့ ငမိုးရိပ်ချောင်း တွေမှာ Water Taxi တွေ ပြေးဆွဲ ဖို့ စီစဉ်ထားတာပါ။ လှိုင်မြစ် မှာ ပြေးဆွဲမဲ့ အစီအစဉ် က အောင်ဇေယျ တံတား ကနေ စတင်ပြီး ပန်းဆိုးတန်း အထိ ပြေးဆွဲမှာ ဖြစ်ကြောင်း ရန်ကုန် သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင် က ပြောပါတယ်။

ငမိုးရိပ်ချောင်းမှာ ပြေးဆွဲမဲ့ အစီအစဉ် ကတော့ မြောက်ဒဂုံ နဲ့ တောင် ဥက္ကလာ ဘေလီ တံတားကနေ စတင်ပြီး ညောင်တန်း သီတာဆိပ် ထိ ပြေးဆွဲ ပေးမှာ ဖြစ်ပါတယ်။

ရေယာဉ် ပြေးဆွဲမှု အစီအစဉ် အတွက် ပုဂ္ဂလိက ကုမ္ပဏီ ၂ ခု ကို တင်ဒါ ခေါ်ယူ ထားပြီး ရေယာဉ် ရပ်နားဖို့ အတွက် ဆိပ်ကမ်းငယ် တည်ဆောက်မှုတွေကို အခုနှစ် ထဲမှာ အကောင်အထည် ဖော်ဖို့ စီစဉ် ထားကြောင်း သိရှိရပါတယ်။

လုပ်ကိုင်ခွင့် ပေးတဲ့ ကုမ္ပဏီတွေကို နိုင်ငံတကာ ရေကြောင်း ခရီးပို့ဆောင်မှု အတွေ့ အကြုံ ဘယ်လောက် ရှိသလဲ ဆိုတဲ့ အပေါ်မူတည်ပြီး ရွေးချယ် သွားမှာဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

၂၀၁၁ ခုနှစ်တုန်းက အခုလို အစီအစဉ် ကို လုပ်ခဲ့ဖူးပြီး ကားသိပ်မကြပ်သေးတဲ့ အချိန် ဖြစ်တာကြောင့် အသုံးပြုသူ နည်းပါး ခဲ့ပါတယ်။

အခုအချိန်မှာတော့ မြို့ပြင် က နေ မြို့ထဲကို လာရောက်ချင်သူတွေ အတွက်က အနည်းဆုံး အချိန် ၂ နာရီခန့် ကုန်ဆုံးနေရတဲ့ အတွက် ရေလမ်း ကနေ ခရီးသွားလာမှု တိုးမြှင့် လာဖို့ ရည်ရွယ် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

မြို့ပတ် ရထားခရီးစဉ်တွေကို စီးရေ တိုးမြှင့်ဖို့ ဆောင်ရွက်နေပြီး မြေအောက် ရထား ပြေးဆွဲဖို့ စီမံချက်ရေးဆွဲ ဆောင်ရွက်နေကြောင်း ရန်ကုန်သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ အတွင်းရေးမှူး က ပြောပါတယ်။

ဒါ့ အပြင် မြို့ပတ် ရထားလမ်း ကို အဆင့်မြှင့်တင်ဖို့ အစီအစဉ်တွေ ရှိပေမယ့် အချိန် စောင့်ရမှာ ဖြစ်တဲ့ အတွက် အချိန် တိုတွင်းမှာ အမြန် အသုံးချ နိုင်မဲ့ ရေလမ်း ကို အသုံးပြုဖို့ စီစဉ် ခဲ့တာပါ။

ရေလမ်း ကို အသုံးပြုပြီး ခရီးသည် ပို့ဆောင်ရေး လုပ်မဲ့ အစီအစဉ်မှာ ဘေးကင်း လုံခြုံရေး ကို နိုင်ငံတကာ စံချိန် စံညွှန်းတွေကို လိုက်နာတဲ့ ကုမ္ပဏီတွေကို အဓိက ထား လုပ်ကိုင်ခွင့် ပေးသွားမယ်လို့ သိရပါတယ်။

BBC Burmese
>>>ဆက်ဖတ်ရန်>>> >>

ရန်ကုန် ဘတ်စ်ကားစနစ်မှာ ဂျပန်ကအကြံပေးသည့် စီမံကိန်းမဟုတ်ကြောင်း ဂျပန်သံရုံး တာဝန်ရှိသူပြော

ပြေးဆွဲမှုကာလသုံးပတ်ကြာမြင့်ချိန်အထိ YBS စနစ်က အဆင်မပြေမှုများစွာရှိနေဆဲဖြစ်သည်။ (ဓာတ်ပုံ − နစ်ကီ)
ရန်ကုန်မြို့ပြသယ်ယူပို့ ဆောင်ရေးအတွက် ဂျပန်နိုင်ငံက အကြံဉာဏ်များတင်ပြထားသော် လည်း YBSသည် ဂျပန်အစိုးရက တင်ပြထားသည့် စီမံကိန်းမဟုတ် ကြောင်း ဂျပန်သံရုံးတာဝန်ရှိသူ များကပြောကြားသည်။
‘‘ရန်ကုန်ဘတ်စ်ကားကိစ္စ မှာ JICAက အကြံပေးတယ်လို့ ပြောနေကြပါတယ်။ တကယ်ဝင် ပါတာမရှိပါဘူး။ ရန်ကုန်တိုင်းအ စိုးရက ကိုယ့်ဘာသာလုပ်သွားတဲ့ ကိစ္စပါ’’ဟု ဂျပန်သံရုံးမှ စီးပွားရေး နှင့် ချေးငွေဆိုင်ရာအကြံပေး Mr.Hideaki Mastsuoက ပြောသည်။
ရန်ကုန်မြို့ပြ မဟာစီမံကိန်း နှင့် ရန်ကုန်မြို့တော်သယ်ယူပို့ ဆောင်ရေး မဟာစီမံကိန်းဟူ၍ ဂျပန်အစိုးရအကူအညီဖြင့် ၂၀၁၃ တွင် ဂျပန်အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)က စီမံကိန်းနှစ်ခုရေးဆွဲခဲ့ သည်။ ၂၀၁၆တွင် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်း သိန်းက အဆိုပါစီမံကိန်းနှစ်ခုကို ပြန်လည် အဆင့်မြှင့်တင်ရေးဆွဲ ပေးရန် တောင်းဆိုခဲ့သည်ဟု ၎င်း က ဆက်လက်ပြောသည်။
ထို့ကြောင့်JICAအနေဖြင့် ၂၀၁၆ တစ်နှစ်လုံးတွင် စီမံကိန်းနှစ်ခုလုံးကို အဆင့်မြှင့်တင်ခဲ့သည်ဟု ဆိုသည်။ လက်ရှိတွင် အဆင့်မြှင့်တင်ခဲ့ပြီးဖြစ်၍ ပြည်ထောင်စုအစိုးရထံ တင်ပြထားသည်ဟု ဆိုသည်။ လာမည့် ၂၀၁၇ မတ်လတွင် ပြည်ထောင်စုအဆင့်လွှတ်တော်၌ ရန်ကုန်မြို့ပြစီမံကိန်းနှင့် သယ်ယူပို့ဆောင်ရေးစီမံကိန်းနှစ်ခုစလုံးကို ဆွေးနွေးရန်ရှိကြောင်း ၎င်းကပြောသည်။
JICAသည် လက်ရှိတွင် ရန် ကုန်မြို့အတွက် အရေးပေါ် ရေဖြန့်ဝေရေးစီမံကိန်းနှင့် ရန်ကုန်မြို့တော် ရေပေးဝေရေးစီမံကိန်းတို့ကို ချေးငွေထုတ်ချေးပြီးဆောင်ရွက်ပေးလျက်ရှိသည်။
ရန်ကုန်မြို့၏ သယ်ယူပို့ ဆောင်ရေး ဘတ်စ်ကားလိုင်းများ အား မထသ၏ စီမံခန့်ခွဲနေမှုကို ဖျက်သိမ်းပြီး ၂၀၁၇ ဇန်န၀ါရီ ၁၆ ရက်တွင် ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု(YBS)စနစ် စတင်ခဲ့ သည်။
အဆိုပါ YBS စနစ်ကို ရန် ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာ ဏာပိုင်အဖွဲ့က ကြီးကြပ်နေခြင်းဖြစ်သည်။
စနစ်သစ်စတင်သည့် ဇန်န ၀ါရီ ၁၆ရက်က ဘတ်စ်ကားအစီးရေ  ၂,၄၀၀ ခန့်သာရှိခဲ့ပြီး ဇန်န၀ါရီလကုန်တွင် ၀င်ရောက်ပြေးဆွဲသည့် ဘတ်စ်ကား အစီးရေ ၄,၀၀၀ ကျော်အထိ ရှိနေပြီဖြစ်သည်။
        ပြောင်းလဲပြေးဆွဲမည့်ဘတ်စ်ကားစနစ်သည် စင်ကာပူ နိုင်ငံတွင် ကျင့်သုံးနေသော ဘတ်စ်ကားပို့ဆောင်မှုစနစ်ကို အခြေခံထားပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)အပါအ၀င် နိုင်ငံတကာ ပညာရှင် အဖွဲ့များ၏ အ ချက်အလက်စုစည်းမှု၊နည်းပညာ ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများဖြင့် ရေးဆွဲထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဇန်န၀ါရီ ၆ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသည်။
from 7DAY
>>>ဆက်ဖတ်ရန်>>> >>

ဂျီးဆပ်သည် အဂူရိုနေရာတွင် အစားထိုးရန် အသင့် မဖြစ်သေးဟု ဂျီးနပ်စ်သုံးသပ်

မန်စီးတီးအတွက် ပွဲစ ထွက်သည့် နှစ်ပွဲတွင် သုံးဂိုး သွင်း ယူထားသော လူငယ်တိုက်စစ်မှူး ဂျီးဆပ်သည် ၀ါရင့်တိုက်စစ်မှူး အဂူရိုနေရာ၌ အစားထိုးရန် အ သင့်ဖြစ်ပြီမထင်ကြောင်း ဘောလုံး ရေးရာ သုံးသပ်သူနှင့် စပါး၊ နယူး ကာဆယ်ကွင်းလယ်လူ ကစား သမားဟောင်း ဂျာမိန်းဂျီးနပ်စ်က သုံးသပ်သည်။
နောက်ဆုံးကစားခဲ့သော နှစ်ပွဲတွင် အသင်း၏ ပွဲထွက်စာ ရင်းမှ ချန်လှပ်ခံရပြီးနောက် အဂူ ရို၏ အနာဂတ်သည် မရေရာမှု များ ထွက်ပေါ်လာပြီး ၎င်း၏နေရာ ၌ ဂျီးဆပ်က အစားဝင်ကာ ခြေ စွမ်းပြဂိုးသွင်းနိုင်ခဲ့သည်။
‘‘ဂျီးဆပ်နဲ့ပတ်သက်ပြီး စိတ် လှုပ်ရှားရင်ခုန်စရာတွေ အများ ကြီးရှိပါတယ်။ သူဟာ အလွန်ထူး ချွန်တဲ့ ကစားသမားဖြစ်တယ်ဆို တာ သေချာပေမယ့် မိုက်ကယ်အို ၀င်တို့၊ ရွန်းနေတို့ စွမ်းဆောင်ပြ သလိုမျိုး လန့်လောက်တဲ့ အစွမ်း အစတွေကိုတော့ ကျွန်တော်မမြင် ရသေးပါဘူး။ သူ့စွမ်းဆောင်ရည် အတွက် ပျော်ပေမယ့် သူဟာ (၁၉) နှစ်ပဲ ရှိပါသေးတယ်။ သူ့ကို စောင့်ကြည့်ဖို့ လိုပါသေးတယ်’’ ဟု ဂျီးနပ်စ်က ပြောကြားသည်။
‘‘အဂူရိုကို အရန်ခုံမှာ ဆက် ထိုင်ခိုင်းထားတဲ့ အခြေအနေတွေ ဖြစ်နေဦးမယ်ဆိုရင် တစ်ခုပဲ ဖြစ် ဖို့ရှိတော့တယ်။ ဒါကတော့ ဒီနှစ် နွေရာသီမှာ အဂူရို မန်စီးတီးက ထွက်ခွာသွားပါလိမ့်မယ်။ အဂူရို ဟာ မန်စီးတီးရဲ့ အရန်ခုံပေါ်မှာ ထိုင်နေရမယ့် ကစားသမားမျိုး မဟုတ်ပါဘူး’’ ဟု ဂျီးနပ်စ်က ပြော ကြားသည်။
၂၀၁၁ က မန်စီးတီးသို့ ရောက်ရှိလာသော အဂူရိုသည် အသင်းအတွက် ၁၁၃ ဂိုးအထိ သွင်းယူထားပြီး ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်း ဆုံးတိုက်စစ်မှူးများအနက် တစ် ဦးဖြစ်ကြောင်း သက်သေထူထား သည်။ အဂူရိုသည် ယခုနှစ်ရာသီ တွင် မန်စီးတီးအတွက် ၂၅ ပွဲ ကစားထားပြီး ၁၈ ဂိုး သွင်းယူခဲ့ သည်။                 —Ref: BBC
>>>ဆက်ဖတ်ရန်>>> >>

Thursday, February 2, 2017

တပ်မတော်လေယာဉ်ဖြင့်ပို့ဆောင်ပေးသည့်အနယ်နယ်အရပ်ရပ်မှ စေတနာရှင်ပြည်သူများက ပေးပို့လှူဒါန်းသော ပစ္စည်းများ စစ်တွေမြို့သို့ရောက်ရှိ




နေပြည်တော် ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောဒေသတို့ရှိ ဒေသခံပြည်သူများ၊ နယ်မြေလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ အတွက် အနယ်နယ် အရပ်ရပ်မှ စေတနာရှင်ပြည်သူများက ပေးပို့လှူဒါန်းသည့် စားသောက်ကုန်များ၊ ဆေးပစ္စည်းများနှင့် အထွေထွေပစ္စည်းများ စုစုပေါင်း တစ်တန်ခွဲကို ရန်ကုန်မြို့မှစစ်တွေမြို့သို့တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင်ပေးရာ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့သို့ရောက်ရှိသည်။
အဆိုပါလှူဒါန်းပစ္စည်းများအား စစ်တွေမြို့မှတစ်ဆင့် ဘူးသီးတောင်နှင့်မောင်တောဒေသများသို့ ဆက်လက် ပို့ဆောင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
>>>ဆက်ဖတ်ရန်>>> >>

မိုးညှင်းမြို့နယ်အတွင်း အဝေးထိန်းစနစ်ဖြင့်ဖောက်ခွဲရန်စီစဉ်ထားသော မိုင်းတစ်လုံးတွေ့ရှိ





နေပြည်တော် ဖေဖော်ဝါရီ ၁
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နှင့် မော်ဟန်မြို့သို့သွားသည့် ၁၀ မိုင်ရွာသစ်နှင့် မော်ဟန်မြို့ကြား၌ မိုင်းတစ်လုံး တွေ့ရှိကြောင်း သတင်းအရ ဇန်န၀ါရီ ၃၁ ရက် ညနေ ၅ နာရီခန့်တွင် တပ်မတော်သားများက သွားရောက် ရှင်းလင်းရာမိုင်းမှာ စစ်ကျန်ဗုံးသီးဖြစ်ပြီး ၀ါယာကြိုးဖြင့်ဆက်သွယ်ကာ ကတ်နှစ်ခုဖြင့်ရှော့ခ်တိုက်၍လည်း ကောင်း၊ ကြားတွင်ကတ်တစ်ခုခံ၍ အဝေးထိန်းစနစ်ဖြင့်ဖောက်ခွဲရန်အတွက်လည်းကောင်း စီစဉ်ထားသောမိုင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး အများပြည်သူအန္တရာယ်ကင်းရှင်းစေရေး သက်မဲ့ပြုလုပ်နိုင်ခဲ့ကြောင်း သတင်း ရရှိသည်
>>>ဆက်ဖတ်ရန်>>> >>

ဘဏ်ဖောက်တဲ့သူခိုး

:D လုံခြုံချက်ကတော့ Gas Cutter တွေရော Gas အိုးတွေရော နဲ့ ဖောက်တောင်ဖောက်နေပြီ ။ သူခိုး က သူ ယူလာနိုင်တဲ့ ပစ္စည်း တွေ နဲ့ ဆို ကားဘော်ဒီ ရုံ တောင် ဘဏ်ထဲမှာ ထိုင်ဖွင့်နေလို့ ရပြီ ။ မထူးပါဘူး ဗျာ ဒီလောက် ယူသွင်းလာနိုင်ပြီး မှတော့ ဝရိန်စက် ပါ ဝယ်ပေးလိုက်ပြီး ဘဏ်ထဲ မှာ ကားဘော်ဒီရုံ သာ ဖွင့်ခွင့် ပေးလိုက်ပါတော့ ဗျာတို့ ရေ … LOL :D
အောင်ဘုလေး
Credit;;သတင်းမူရင်း
ဘဏ်ဖောက်ထွင်းရန်ကြစည့်သူခိုးအား CCTV မှတ်တမ်းများဖြင့် ၂၄ နာရီအတွင်းဖမ်းဆီးရမိ
တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့မရဲစခန်း
ဖြစ်စဉ်မှာ ၁.၂.၂၀၁၇ ရက်နေ့ နံနက် ၀၄၂၀ အချိန်ခန့်တွင် တွင် ညောင်ရွှေမြို့ မြန်မာ့စီးပွားရေးဘဏ်၏ညစောင့်ဖြစ်သူ အပေါ့သွားစဉ် စာရွက်စာတမ်း သို့လှောင်ခန်း အနီးတွင် လူတစ်ယောက်တွေ့ရှိသဖြင့် အော်ဟစ်စဉ် ထိုသူမှာထွက်ပြေးသွားပြီး လိုက်လံကြည့်ရှုရာ ဘဏ်၏ပြတင်းပေါက် တစ်ချပ်ပျက်စီးနေပြီး ဂက်စ်အိုး ၂ အိုး၊ ဂက်စ်ပိုက်များ၊ စက္ကူကတ်ထူများ ၊ ဖောက်ထွင်းရန်အသုံးပြုမည့် ကီရိယာတန်ဆာ ပလာများ၊ကိုတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
ထို့နောက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ ညောင်ရွှေမြီု့မရဲစခန်းမှ ဒုရဲမှူး သန့်ဇော်ဦးဆောင်သည့် အရာရှိ၊ အခြားအဆင့်များ ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ဂက်စ်ရောင်းဝယ်သည့်ဆိုင်များအား စုံစမ်းရာ အေးသာယာမြို့ရှိ အောင်ပြည့်ဖြိုး ဂက်စ်ဆိုင်တွင် ၃၁.၁.၂၀၁၇ ရက်နေ့တွင် ဆုဇူကီး အဖြူရောင် ပစ်ကပ်ကားဖြင့် လာရောက်ဝယ်ယူသွားသောပစ္စည်းများနှင့် အသုံးပြုပုံမေးမြန်း သွားသောသူ၏ ဆိုင်တွင်တပ်ဆင် ထားသော CCTV မှတ်တမ်းများ၊ TOLL Gate မှတ်တမ်းများ အား ရရှိခဲ့ပါသည်။ ၄င်းနောက် စုံစမ်းရှာဖွေရာ လင်းပြည့်ဟန်၊ ၂၈ နှစ် (ဘ) ဦးစိန်မောင်၊ အောင်ချမ်းသာလမ်း၊ နယ်မြေ(၂)၊ ရွှေညောင်မြို့ နေသူဖြစ်ကြောင်း သိရှိသဖြင့် ၁.၂.၂၀၁၇ ရက်နေ့ ည ၂၀၃၀ အချိန်ခန့်တွင် ၄င်၏နေအိမ်တွင် ဖမ်းဆီးပြီး ညောင်ရွှေမြို့မရဲစခန်း(ပ)၈/၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇ (ဖောက်ထွင်းမှု)ဖြင့် ဒုရဲမှူးသန့်ဇော်မှ စစ်ဆေးဆောင်ရွက်လျက် ရှိပါသည်။
#Edkza@Shan Min Thar
>>>ဆက်ဖတ်ရန်>>> >>