Tuesday, February 7, 2017

လီပါပူး အသင်းတွက် နည်းပြကလော့ လာမယ့် နွေရာသီမှာ ဖြည့်တင်းဖို့ လိုအပ်နေတဲ့ ၆ နေရာ










နည်းပြကလော့ လာမယ့် နွေရာသီမှာ ဖြည့်တင်းဖို့ လိုအပ်နေတဲ့ ၆ နေရာ
အခု လောလောဆယ်အနေအထားအရ လီဗာပူးအသင်းမှာ အရန်အင်အား မလုံလောက်မှု ပြသနာနဲ့ ကြုံတွေ့နေရပီး
အဓိက တိုက်စစ်မူး ၂ ယောက်ကလည်း အသင်းရဲ့ ကစားကွက်နဲ့ အံမ၀င်တာကြောင့် အသင်းရဲ့ ရလဒ်တွေဟာ ဆက်တိုက်
ကျဆင်းနေပီး အဆင့် ၅ နေရာထိ ဆင်းပေးခဲ့ရပါပီ.... အသင်းပရိတ်သတ်တွေ တောင့်တနေတဲ့ ကစားသမားဖြည့်ဆည်းမှုကို
လည်း ဆောင်းရာသီဈေးကွက်မှာ မလုပ်ဆောင်နိင်ခဲ့ပါဘူး.. ဇန်န၀ါရီမှာ မာနေ အာဖရိက ထွက်ခွာသွားမှုနဲ့အတူ ကော်တင်ဟို
ဒဏ်ရာ မကင်းတကင်း အသင်းခေါင်းဆောင် ဟန်ဒါဆန် ဒဏ်ရာ မကင်းစင် တဲ့ အချိန်တွေမှာ အသင်းရဲ့ အားထားရတဲ့ ကစား
သမားတွေ ဒဏ်ရာ ပြသနာ နဲ့ ရင်ဆိုင်နေရချိန်မှာ အသင်းဟာ ဟန်ချက်ပျက်ပီး ဘာမဟုတ်တဲ့ အသင်းလေးတွေကိုတောင်
အရှုံးပေးနေရပါတယ်..... ဂိုးသမား ၂ ယောက်ကလည်း ဘယ်သူကမှ စိတ်ချရတဲ့ အနေအထားမှာ ရှိမနေပြန်ပါဘူး.....ဒါကို
နည်းပြ ကလော့ နဲ့ အသင်းပိုင်ရှင်တို့ ဖြည့်ဆည်းဖို့ လိုအပ်နေပါတယ်........ ကျနော့် အမြင်ကတော့ လီဗာပူးအနေနဲ့ နေရာ
၆ နေရာ ဖြည့်ဆည်းဖို့ လိုအပ်နေတယ်လို့ မြင်မိပါတယ်..........

၁) ဂိုးသမား
ယခု ဂိုးသမား ၂ ယောက်ဖြစ်တဲ့ မီဂနိုလတ် နဲ့ ကားရီးယက်တို့ဟာ တမျိုးပီး တမျိုး အမှားတွေ ကျူးလွန်နေတာဟာ နည်းပြ
ကလော့အတွက် ခေါင်းစားစရာပါ . မီဂနိုလတ်ဟာပပီးခဲ့တဲ့ ဟူးနဲ့ ပွဲမှာ ထွက်ပုတ်ထုတ်ရမယ့် အလုံးကို အမိဖမ်းဖို့ ကြိုးစားခဲ့တာ
ကြောင့် မပေးသင့်တဲ့ ဂိုးကို ခွင့်ပြုခဲ့ရတာဟာ အသင်းအတွက် နစ်နာလှပါတယ်......... ဂိုးသမား မီဂနိုလတ်ကို အသင်းအနေနဲ့
ရောင်းချပီး နောက်ထပ် ဂိုးသမား အသစ် တဦးကို ခေါ်ယူသင့်ပါပီ.... လောလောဆယ် သတင်းထွက်နေတာက မန်စီးတီး ဂိုးသမား
ဂျိုးဟတ် နဲ့ သတင်း ထွက်နေပေမယ့် သေချာရေ၇ာတဲ့ သတင်းတော့ မဟုတ်သေးပါဘူး.. ဘယ်သူ့ကို ၀ယ်မလဲဆိုတာ အခုအချိန်မှာ
ခန့်မှန်းရခက်နေပေမယ့် ဂိုးသမားအသစ်တဦးကိုတော့ မဖြစ်မနေ ခေါ်ယူရမယ့် အနေအထားမှာ ရှိနေပါတယ်...
၂) နောက်တန်း ဘယ် ညာ
နည်းပြ ကလော့ ဟာ ဂျိမ်းမီနာ ကို နောက်ခံ ဘယ်အစွန်လူအဖြစ် စမ်းသပ် အသုံးပြုပီး အောင်မြင်ခဲ့ပေမယ့် သူဟာ နောက်ခံ ကစားသမား
စစ်စစ်မဟုတ် အရွယ်အရ သက်လုံ မလုံလောက်တော့တ ကြောင့် နောက်ခံ ဘယ်အစွန် တယောက်ကတော့ မဖြစ်မနေ ၀ယ်ယူရမယ့်
အနေအထားမှာ ရှိနေပါတယ်... ကလော့ဟာ လောလောဆယ်တော့ ဟူးစီးတီး နောက်ခံ ကစားသမား အန်ဒရူး ရော်ဘက်ဆန် ကို စိတ်ဝင်
စားမူ ပြသနေပီး ဒါပေမယ့် နွေရာသီမှဆိုတော့ သေချာခြင်း မရှိသေးပါဘူး ... နောက်ပီး လီဗာပူးရဲ့ နောက်တန်းကစားပုံ နည်းစနစ်ကိုလည်း
ကလော့ကို မေးခွန်းထုတ်ရမယ့် အနေအထားမှာ ရှိနေပါပီ.. ကွင်းလယ်နဲ့ တိုက်စစ်အတွက် သူ့ရဲ့ pressing ဟာ အသုံးဝင်ပေမယ့်
နောက်တန်း pressing ကစားတဲ့ နေရာမှာတော့ နောက်တန်းကစားသမားတွေဟာ လစ်ဟာမူတွေ အမှားကြီးတွေ့နေရပါတယ်... ဆွမ်ဆီးကို
အနိုင်ဂိုး ပေးလိုက်ရတဲ့ ဂိုးဟာ ဆီဂတ်ဆန်ကို marking လုပ်တဲ့ ကစားသမားမရှိပဲ ဘောလုံးရှိတဲ့ ကစားသမားကို ၃ ယောက်လောက် pressing
လုပ်နေတာနဲ့ ဘောလုံး လွတ်ထွက်သွားတာနဲ့ တပြိုင်နက် ဂိုးပေးရဖို့က သေချာပေါက်နီးပါးပါပဲ.... သူ့ရဲ့ ဘောလုံးမပါပဲ ယောင်ပြလှုပ်ရှားမှုကို
ပြိုင်ဘက်က လှုပ်ရှားလာတဲ့အခါ ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ နည်းစနစ်ကို လည်း ရှာထားသင့်ပါပီ...လီဗာပူးရဲ့ နောက်ခံကစားသမားတွေဟ
အရည်အချင်းရှိကြတဲ့ ကစားသမားတွေပါ..ကျနော့်အမြင်တော့ နောက်တန်း ကစားပုံနည်းစနစ်ကို ပြင်လိုက်လျင် ပိုမိုကောင်းမွန်မယ်လို့ ယူဆမိပါတယ်...
ဂိုမက်..မီနာ.လော်ဗရန်.မာတစ်.ဂိုမက်..ကလိုင်း..အာနိုး တို့ကို ချန်ထားပီး လူးကပ်ကတော့ သေချာပေါက် ထွက်ခွာပါလိမ့်မယ်.ဆာခိုကို ကလော့အနေ
နဲ့ အနာဂတ်ရှိမရှိဆုံးဖြတ်ရမယ့် အချိန်ပါပဲ ..ဆာခိုဟာ လေးလံပေမယ့် နည်းစနစ်ကြွယ်ဝမှုမှာ လီဗာပူးနောက်တန်းရဲ့ အကောင်းဆုံးကစားသမားပါပဲ....
၃) ကွင်းလယ် ဖန်တီးနိုင်မှု
လီဗာပူးအသင်းမှာ အမ်မရီချန်..ဟန်ဒါဆန်..လယ်လာနာ.၀ှိုက်နယ်ဒန်.ဂလူဂျစ်တို့ ရှိနေပေမယ့် ဖန်တီးနိုင်မှုကတော့ အားနည်းနေတုန်းပါပဲ....
အမ်မရီချန်..၀ှုက်နယ်ဒမ်တို့ဟာ ကွင်းလယ်ဖန်တီးဇုန်မှာ ကစားနေပေမယ့် ဖန်တီးနိုင်မှု ကတော့ အားနည်းနေတုန်းပါပဲ ......
လက်ရှိကစားသမားတွေထက် သာလွန်ကောင်းမွန်ပီး ကွင်းလယ်ကို ဦးဆောင်ကစားပေးနိုင်မယ့် ကစားသမားကိုတော့ လိုအပ်နေဆဲပါပဲ....
လက်ရှိမှာတော့ ရိုးမားရဲ့ ကွင်းလယ်ကစားသမားလေး ပါရီဒက် နဲ့ မိုချန်က ဒါဟု့ဒ် တို့သတင်းထွက်နေပေမယ့် ပရိတ်သတ်တွေ လိုချင်နေတဲ့ ကစားသမားမျိုးတော့ မဟုတ်
သေးတာ အမှန်ပါပဲ..... အမ်မရီချန် ဟာ ဂျူဗင်တပ်က အလိုရှိနေတာကြောင့် အရောင်းဈေးကွက်မှာ ရောက်သွားမလားဆိုတာ စိတ်ဝင်စားစရာပါ....
၎) တောင်ပံ ၂ ဖက်
တောင်ပံ ကစားသမားတွေအဖြစ် ကော်တင်ဟို .မာနေ တို့သာရှိနေပီး တခါတရံ လယ်လာနာဟာ တောင်ပံ ထွက်ကစားပေမယ့် သူတို့ တဦးဦး မကစားနိုင်တဲ့
အချိန်တွေမှာ တော်တော်လေးကို ရုန်းကန်နေရတာ တွေ့ခဲ့ပီးပါပီ.... ကော်တင်ဟိုဟာ တောင်ပံမှာ ကစားနေပေမယ့် ဘယ်တောင်ပံအတွက် ပီးပြည့်စုံတဲ့ ကစား
သမားတော့ မဟုတ်သေးပါဘူး..... ကော်တင်ဟိုရဲ့ လိုအပ်ချက်က နောက်တန်းကို ကူညီနိုင်မှု နည်းပါးမှုကတော့ ရှိနေပါသေးတယ်....ဒါပေမယ့် ကော်တင်ဟို
မကစားနိုင်တဲ့အချိန် မှာ အစားထိုးကစားသမားမရှိပါဘူး... မာနေကတော့ ညာတောင်ပံ အတွက် ပီးပြည့်စုံတဲ့ ကစားသမားတယောက်ဖြစ်ပေမယ့် သူမကစားနိုင်
တဲ့အချိန်မှာ အရံကစားသမားရှိမနေပါဘူး..... ဒါကြောင့် နည်းပြကလော့အနေနဲ့ တောင်ပံ ကစားသမား ၂ ယောက်ကို မဖြစ်မနေ ၀ယ်ယူသင့်တယ်လို့ မြင်မိပါတယ်.
စပါးတပ် မော်စကိုက့ ကွင်ဆီ ပရုန်း ...(ညာတောင်ပံ) နဲ့ လေဘာကူဆင်က Brandt နဲ့တော့လောလောဆယ် သတင်းထွက်နေပါတယ်..... အငှားချထားတဲ့ မာကို
ဗစ်ကတော့ အရောင်းဈေးကွက်မှာ ရောက်သွားဖို့ များနေပါတယ်...........
၆) တိုက်စစ်
တိုက်စစ်အတွက် ဖာမီနို ..စတားရစ်.. အိုဒီဂီ တို့ ရှိနေပေမယ့် တိုက်စစ်မူးစစ်စစ်ဖြစ်တဲ့ စတားရစ်နဲ့ အိုဒီဂီတို့ဟာ အရံခုံမှာပဲ အချိန်ကုန်နေပီး နည်းပြကစားကွက်နဲ့
အဆင်မပြေတာကြောင့် AMC ကစားသမား ဖာမီနိုကို တိုက်စစ်မှုးနေရာထားပီး false 9 ကစားကွက်ကို အသုံးပြုနေရတဲ့အထိ တိုက်စစ်ဟာ ရုန်းကန်နေရပါတယ်..
ဖာမီနိုဟာလည်း တကယ့် အရေးမှာ ထိုးဖောက်ထွက်ပြနိုင်တဲ့ ကစားသမား အရည်အချင်း မပြည့်မှီသေးတာကြောင့် စတားရစ် နဲ့ အိုဒီဂီတို့ထဲက တယောက်
ယောက် ကို ရောင်းချပီး တိုက်စစ်မူး စစ်စစ်တယောက်ကိုတော့ ၀ယ်ယူသင့်တယ်လို့ ထင်မိပါတယ်........လောလောဆယ် အိုဘာမီယန်းနဲ့ သတင်းသဲ့သဲ့ကြားနေပေမယ့်
ဖြစ်နိုင်ချေကတော့ တော်တော်လေးနည်းပါးနေပါတယ်... လာကာဇက်တီ. လိုင်ယွန် နဲ့ Iñaki Williams ဘီဘာအို တို့ဟာ ကလော့ရဲ့ ကစားပုံစနစ်နဲ့ အံဝင်နိုင်မယ်လို့
မြင်မိပါတယ်. သူတို့ဟာ တောင်ပံကို ထွက်ပီး ကစားနိုင်မယ့် floating striker တွေလို့ မြင်မိလို့ပါပဲ...
ဘာလိုပဲဖြစ်ဖြစ် အသင်းမှာ တဆင့်မြင့် ကစားသမားတွေ ရောက်လာဖို့ ချန်ပီယံလိဒ်ဝင်ခွင့်ကတော့ မဖြစ်မနေလိုအပ်နေပါလိမ့်မယ်..... လစာ ပြောင်းရွေ့ကြေးစစ်စေ
လွန်းတဲ့ အသင်းပိုင်ရှင်တွေ ရှိတဲ့ ကျနော်တို့အသင်းဟာ မျှော်လင့်တဲ့အ ပြောင်းအရွေ့တွေကို လုပ်မပေးခဲ့တာ တော်တော်လေးကို ကြာမြင့်နေပါပီ...ကလော့ကိုစိတ်
ကြိုက်လုပ်ခွင့်ပေးထားပေမယ့် ကလော့လက်ထက်မှာ အပြောင်းအရွေမှ အသားတင် အမြတ်ငွေ ၉ သန်းတောင်ရရှိခဲ့ပါသေးတယ်..........
အချိန်ရနေလို့အားနေလို့ ရေးခြင်းသာ ဖြစ်ပါတယ်.....ထင်ရာ မြင်ရာပေါ့​နော်

No comments:

Post a Comment