ဖေဖော်ဝါရီ ၇ ။ ။ ပီရူးနိုင်ငံတွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေခဲ့ရာ ယခုအခါ သေဆုံးသူ ဦးရေမှာ ၂၅ ဦးထိ မြင့်တက်လာခဲ့ပြီ ဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်သည်။
နိုင်ငံမြောက်ပိုင်းဒေသရှိ Lambayeque မြို့တစ်မြို့လုံးလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးခံနေရလျက်ရှိပြီး ယင်းမြို့မှ သချိုင်းမှာလည်း ပျက်စီးသွားခဲ့ရပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်လတစ်လလုံးအတွင်း ယင်းနိုင်ငံတွင် ရေလွှမ်းမိုးမှုများ၊ မြေပြိုမှုများလည်း ပေါ်ပေါက်ခဲ့ရာ လူပေါင်း ၃၆,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ပြီးခဲ့သည့် ဇန်န၀ါရီ ၃၀ ရက်က အာဏာပိုင်များက ထုတ်ပြန်ခဲ့သေးသည်။
ယခုအခါ နိုင်ငံတောင်ဘက်ခြမ်း ဒေသများအားလုံးတွင် အစိုးရက အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာထားခဲ့ရသည်။ ရေလွှမ်းမိုးများကြောင့်လည်း လမ်းများ ပိတ်ဆို့နေခဲ့ရပြီး သီးနှံစိုက်ခင်းများ၊ လမ်းတံတားများနှင့် အဆောက်အအုံများ ပျက်ဆီးဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။

No comments:
Post a Comment