စစ်တွေ၊ ဖေဖေါ် ဝါရီ ၈ ရက်။ ။ ရခိုင်မြောက်ပိုင်း မောင်တောဒေသတွင် စမ်းသပ်ထုတ်လွှင့်လျက်ရှိသည့် မေယု FM အစီအစဉ်ကို ရပ်ဆိုင်းရန် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၃ ခုမှ ကန့်ကွက်မှုတစ်ရပ် ပြုလုပ်ရန် စီစဉ်နေကြသည်။
အဆိုပါ ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲကို ဖေဖေါ်ဝါရီ ၁၀ ရက်နေ့တွင် တပြိုင်နက်ပြုလုပ်မည်ဖြစ်ကြောင်း ဆန္ဒပြအဖွဲ့ ခေါင်းဆောင် တောင်ကုတ်မြို့နယ်မှ ကိုမောင်မောင်သက်က ပြောသည်။
“ဘင်္ဂါလီဘာသာနဲ့ ထုတ်လွှင့်နေတဲ့ မေယု FM ဆိုပြီး သတင်းဌာနတစ်ခု ပေါ်ပေါက်လာတာကို အလိုမရှိကြောင်းကို ကျွန်တော်တို့ တောင်ကုတ်မြို့ အပါအဝင် ၁၃ မြို့နယ်က ဖော်ဖော်ဝါရီလ ၁၀ ရက်နေ့ ဆန္ဒပြ တောင်းဆို သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကိုယ့်ဘာသာစကားနဲ့ထုတ်လွှင့်ဖို့ သတင်းဌာနထူထောင်ခွင့် မရရှိတဲ့ လူမျိုးတွေအများကြီး ရှိသေးပါတယ်။ နိုင်ငံသားမဟုတ်တဲ့ ဘင်္ဂါလီလူမျိုးက ခုလိုလုပ်တယ်ဆိုတော့ ဒါလုံးဝကိုမဖြစ်သင့်တဲ့အလုပ်ပါ။ အဲ့ဒါကြောင့် ကျွန်တော်တို့ အခုလို ဆန္ဒပြဖို့ စီစဉ်လိုက်ခြင်းဖြစ်ပါတယ်”
အဆိုပါ မေယု FM ရေဒီယိုအစီစဉ်ကို ယခုလ ဖေဖေါ်ဝါရီ ၁ ရက်မှနေ့မှ စတင်ကာ ထုတ်လွှင့်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် သုံးမြို့နယ် အတွက် ရည်ရွယ်ကာ ရခိုင်၊ ဗမာ ၊ ဘင်္ဂါလီ ဘာသာတို့ဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ စီစဉ်ထုတ်လွှင့်နေသည့် FM လိုင်းတစ်ခု ဖြစ်သည်။
ပြန်ကြားရေးဌာနအနေဖြင့် ယင်းသို့ ဘင်္ဂါလီဘာသာစကားဖြင့် FM ရေဒီယိုအစီအစဉ်ကိုထုတ်လွှင့်ရခြင်းမှာ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ဒေသတွင်း အခြေအနေများနှင့် ယင်းဒေသတွင်း နေထိုင်လျှက်ရှိသူများကို သတင်းအချက်အလက် မှန်ကန်စွာသိရှိနိုင်စေရန် ရည်ရွယ်ထုတ်လွှင့်နေခြင်း ဖြစ်ကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

No comments:
Post a Comment