နေပြည်တော် ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောဒေသတို့ရှိ ဒေသခံပြည်သူများ၊ နယ်မြေလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ အတွက် အနယ်နယ် အရပ်ရပ်မှ စေတနာရှင်ပြည်သူများက ပေးပို့လှူဒါန်းသည့် စားသောက်ကုန်များ၊ ဆေးပစ္စည်းများနှင့် အထွေထွေပစ္စည်းများ စုစုပေါင်း တစ်တန်ခွဲကို ရန်ကုန်မြို့မှစစ်တွေမြို့သို့တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင်ပေးရာ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့သို့ရောက်ရှိသည်။
အဆိုပါလှူဒါန်းပစ္စည်းများအား စစ်တွေမြို့မှတစ်ဆင့် ဘူးသီးတောင်နှင့်မောင်တောဒေသများသို့ ဆက်လက် ပို့ဆောင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment