လိုင်စင်မဲ့တွေ ရန်ကုန်မှာဖမ်းမယ်ဆိုလို့ပါ
ဌာနဆိုင်ရာထဲမှာ အဆိုးဆုံးက ယာဉ်ထိန်းတွေပဲ။ သူတို့ကဖမ်းတာဆိုတော့ သူတို့ရောင်းဝယ်ရင် စီးရင်ဖမ်းမယ့်သူမရှိတော့ဘူ
ကိုယ်တွေ့ကြုံတာဆို ပါရမီလမ်းမှာ ကား ၃ စီးဆင့်တိုက်တုန်းက ကိုယ်တွေကအလယ်က တိုက်တဲ့ ပါရမီဘတ်စ်က ဗိုလ်မှူးလာရှင်းမယ်ဆိုပြီး လူပါးဝလို အနားတင်ရှိတဲ့ စီမံချက်အဖွဲ့နဲ့ပြသနာတက်နေ
အခုရော အဲ့လိုပဲဖမ်းမှာလား ဘယ်လိုဖမ်းမှာလည်း ရဲတွေလက်ထဲက ကားတွေ ကုန်အောင်ရောင်းပြီးမှ ဖမ်းမှာလား သိချင်လို့ပါ။
လူကြီးမင်းများ ဖြေပေးပါ။
မူရင်းရေးသားသူ - Ne Lynn
××××××××××××××××××××××××××××××××××××××××××××
“ဝှစ်သောက် နှင့် တရားဝင်ကဲ့သို့ဖြစ်နေသောဥပဒေမဲ့ သံသရာ”
ယခင်မော်ဒယ်နိမ့်စူပါဆလွန်းကားအစုတ်တစီး သိန်းရာနဲ့ချီ၊ ရွှေငါးတစီးသိန်းနှစ်ထောင်ကျော် တန်တဲ့အချိန်တုန်းကတည်းက ခေတ်စားလာခဲ့တဲ့ “ဝှစ်သောက်”ကား။ ထိုင်းနဲ့နယ်နမိတ်ချင်းနီးကပ်နေတဲ့ ဒေသတွေ(အထူးသဖြင့်) မြဝတီမြို့ကိုရောက်ဖူးတဲ့သူ၊ ဒါမှမဟုတ် ကားလောကနဲ့နီးစပ်မှုရှိသူအများစုအဖို့ ဒီ“ဝှစ်သောက်”ဆိုတဲ့အသုံးအနှုံးဟာ မစိမ်းတော့ပါဘူး။ နယ်စပ်မြို့တွေမှာဆို အဆင်ပြေရာနံပါတ်ပြားတပ်ပြီး တရားဝင်ကဲ့သို့ စီးနင်းသုံးစွဲနေတဲ့အထိပါပဲ။ ကားသာမက ဆိုင်ကယ်ဆိုရင်နံပါတ်ပြားတောင် အထွေအထူးတပ် နေစရာမလိုတော့အောင် ရဲတင်းစွာသုံးစွဲလျက်ရှိနေတာ မမြင်ချင်မှအဆုံးပါ။ ဆိုင်ကယ်စီးနင်းခွင့်မရှိတဲ့ ရန်ကုန်မြို့တော်လိုနေရာ အနီးတဝိုက်မှာတောင် ပေါ်ပေါ်တင်တင်ဂိတ်ထိုး Taxi ဆွဲစားတဲ့အထိ (ဥပဒေကမည်သို့ပင်ဆိုစေကာမူ) တာဝန်ရှိသူမှအရေးယူရန်မရှိသလို သုံးစွဲသူမှလည်းကြောက်ရွံ့မှုအလျဉ်းမရှိ။
ယခင်အစိုးရအစဉ်အဆက် အသုံးမလိုတော့(အများစုမှာသုံးစွဲရန်စံမမှီ)သော ကားများကို (စေတနာထက်သန်စွာ) ပြည်သူများသုံးစွဲနိုင်ရန်အလို့ငှာ လေလံတင်ရောင်းချခြင်းများ ရှိခဲ့ပါတယ်။ ကားဟောင်းများဖြစ်သော်လည်း ကားသစ်များသဖွယ်ခံစားနိုင်စေဖို့ (လေလံဈေးကောင်းရစေဖို့) ရည်ရွယ်ပြီး၊ နောက်ဆုံးနံပါတ်များထုတ်ပေး၍ အများစိတ်ဝင်စားမှုမြင့်မားအောင် ဆွဲဆောင်ခဲ့ပါတယ်။ တချို့လေလံတင်ကားများမှာ နဂိုကပင် သုံးစွဲရန်မဖြစ်နိုင်တော့(မြေစိုက်နေ)၊ တချို့ဖလိမ်နှင့် ဘောဒီအစိတ်အပိုင်းတချို့သာပါသော ကားများဖြစ်သောကြောင့် ပုံမှန်ပြင်ဆင်ဖို့ မဖြစ်နိုင်ပေ။ ဒီနေရာတွင် အဆိုပါလေလံကားများရဲ့ ဘော်ဒီနံပါတ်(Chassic No.)ကို အလားတူ“ဝှစ်သောက်”ကားတွင် (ဖောက်စွပ်)ထည့်သွင်း၍ အလုံးချိန်းကြပါတော့တယ်။ ဒီလိုနဲ့“ဝှစ်သောက်”နှင့် “လေလံ” အတွဲညီစွာ ကားလောကကို ဦးဆောင်လာကြပါတော့တယ်။
မော်တော်ကားများကို ကားဟောင်းအပ်ကာ တရားဝင်ကားသစ်သွင်းခွင့်(အစုတ်အပ်အဟောင်းသွင်းစံနစ်) စတင်ခဲ့တဲ့အခါ အဆိုပါ“ဝှစ်သောက်နှင့်လေလံအတွဲ”ဟာ မှေးမှိန်လာခဲ့ပြီး၊ မော်ဒယ်နှင့်နံပါတ်နိမ့်သွားတဲ့ အလုံးချိန်းကားများကို စိတ်ဝင်စားမှု လျော့ကျသွားခဲ့ပါတယ်။ မော်ဒယ်နိမ့်ကားများကို အစားထိုးတင်သွင်းခွင့်ရရှိဖို့ (အရည်ကျိုစလစ်ရရန်)အတွက်သာ စိတ်ဝင်စားပြီး ဝယ်ယူခြင်းသာများခဲ့ပါတယ်။ ထိုအခါ လေလံဖြင့်အခွန်ငွေရရှိရေး ဦးစားပေးဌာနအနေဖြင့် ဝယ်ယူပြီးလေလံကားများကို ချက်ခြင်းအရည်ကျိုနိုင်ဖို့ အခွင့်အရေးပေးပြီး ဆွဲဆောင်ခဲ့ပြန်ပါတယ်။ တချို့လေလံကားများမှာ ယခင်(အလုံးချိန်း)လမ်းစဉ်အတိုင်း ဆက်လက်ချီတက်ကာ အောင်ပွဲခံခဲ့ပါသေးတယ်။
သို့သော် ယခုအခါ လေလံကားစုတ်များသာမက မည်သည့်ကားမဆို (စက်မှုဇုံလိုက်ထရပ်များအပါအဝင်) “ဝှစ်သောက် နှင့် အလုံးချိန်းခြင်း”အား လုံးဝခွင့်မပြုတော့ဟု တရားဝင်ကြေညာထားပြီးဖြစ်ပါတယ်။ ထို့အတူ မော်တော်ကားဈေးနှုံးတွေလည်း ယာဉ်ဟောင်းအစားထိုးတင်သွင်းခွင့်ပြုပြီးနောက်ပိုင်း သိသာစွာတန်ဖိုးကျဆင်း လာခဲ့ပြီး လိုအပ်တာထက် ပိုမိုဝယ်ယူသုံးစွဲနေကြလို့ လမ်းပိတ်ဆို့ရတယ်လို့ ပြောစမှတ်ပြုတဲ့အထိပါပဲ။ ဒါပေမယ့် ယခုအခါ မော်တော်ယာဉ်တင်သွင်းကာစက ခွင့်ပြုပေးခဲ့တဲ့ အခွန်လျှော့ပေါ့ခြင်းများမရှိတဲ့အပြင် ဝင်ငွေခွန်ကဲ့သို့ နောက်တိုးအခွန်သစ်များ ထပ်မံကောက်ခံလာလို့ ကုန်ကျစာရိတ်များတက်လာခြင်း၊ နှစ်စဉ်ပြောင်းလဲလေ့ရှိတဲ့ မော်တော်ယာဉ်တင်သွင်းခွင့် ပေါ်လစီအပြောင်းအလဲမှာ ယခုနှစ်တွင် ကြီးမားသော အခက်အခဲအတားအဆီးများဖြင့် တင်သွင်းခွင့်ရရန်ခက်ခဲလာခြင်း၊ စသဖြင့် အကြောင်းများကြောင့် မော်တော်ယာဉ်ဈေးနှုံးများ သိသာစွာတိုးမြင့်လာခဲ့ပါတယ်။ ပြောရရင် တရားဝင်လမ်းကြောင်းကို ပိုမိုခက်ခဲကျပ်တည်းဈေးနှုံးကြီးမြင့် လက်လှမ်းမမှီအောင် ပေါ်လစီကလမ်းကြောင်းလိုက်သလိုဖြစ်သွားပါတယ်။
သို့သော် တခြားတဖက်တွင်မူ တရားမဝင်ခွင့်ပြုချက်မဲ့ အခွန်ကင်းလွတ်တင်သွင်း လိုင်စင်မဲ့သုံးစွဲလျက်ရှိနေတဲ့ “ဝှစ်သောက်”များအဖို့ အထွေအထူးအရေးယူ စစ်ဆေးကြပ်မတ်ဖမ်းဆီးခြင်း (လုံးဝနီးပါး)အလျှင်းမရှိပါပဲ ယနေ့အထိ ပန်းပန်လျက်ရှိနေဆဲပါ။ ပိုလို့ထူးခြားတာက ထိုသို့တရားမဝင် တင်သွင်းဝင်ရောက်နေတာ မဲဆောက်-မြဝတီ ကမ်းနဖူးမှ နေ့စဉ်ရာနဲ့ချီ အတားအဆီးမဲ့ ဝင်ရောက်နေခြင်းပါ။ ထိုသို့ဝှစ်သောက်အကြီးအကျယ် တင်သွင်းနေတဲ့ဝင်ပေါက်အား ထိထိရောက်ရောက် ပိတ်ပင်တားဆီးအရေးယူခြင်း မပြုပဲ၊ ရန်ကုန်၊မန္တလေး ကဲ့သို့ မြို့ကြီးများပေါ် ရောက်ရှိသုံးစွဲနေတော့မှ အရေးယူမယ်ဆိုတာက စဉ်းစားရခက်(ရီစရာ)ဖြစ်နေပါတယ်။
တရားမဝင်လိုင်စင်မဲ့ယာဉ်များအရေးကို ထိရောက်စွာကိုင်တွယ်နိုင်ခြင်းမရှိပဲ၊ မော်တော်ယာဉ်တင်သွင်းခွင့် ပေါ်လစီကိုကျပ်လိုက်ခြင်းဖြင့် မော်တော်ယာဉ်ဈေးနှုံးများတက်ကာ သုံးစွဲသူများအား အခွန်ကင်းလွတ်၊ဈေးနှုံးသက်သာ၊ ပြဿနာတက်လျှင် ကိုယ်လွတ်ရုန်းကာ(တာဝန်ခံမှုကင်းတဲ့) ဥပဒေချိုးဖေါက်ကာ ဝှစ်သောက်စီးတဲ့ဘဝကို ရောက်ရှိအောင် ပိုမိုတွန်းအားပေးလိုက်သလို ဖြစ်စေပါတယ်။
ခေတ်အဆက်ဆက် ဥပဒေပြင်ပမှ ဝှစ်သောက်အရေးကို ထိရောက်စွာအရေးမယူနိုင်ပဲ၊ ယနေ့ခေတ်ထိတိုင် ပညာပေးဖို့အသိပေးဖို့(ပါးစပ်ပြောဖြင့်)သာ လုပ်ဆောင်နေတာသဘာဝမကျလှပါဘူး။ ဥပဒေကိုလိုက်နာပြီး မူဘောင်အတွင်း အခွန်ဆောင်သုံးစွဲနေသူတွေ အများစုရဲ့ကိုယ်ကျင့်တရားကို ယခုထက်မပျက်ယွင်းစေဖို့၊ ဥပဒေပြင်ပမှတရားမဝင်ပစ္စည်းများ တင်သွင်းရောင်းချဖြန့်ဖြူး သုံးစွဲနေခြင်းအား ဥပဒေနဲ့အညီချက်ခြင်း ထိရောက်စွာတားဆီး အရေးယူမှသာ အပြောနဲ့မဟုတ်၊အလုပ်နဲ့သက်သေပြလို့ ဥပဒေစိုးမိုးမှုကို မြင်သာစွာဖေါ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။
လှနိုင် (၂၆-၁-၂၀၁၇)


No comments:
Post a Comment