Thursday, February 2, 2017

ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်၊ရွာသစ်ကုန်းကျေးရွာတွင် ကလေးခိုးမှုဖြစ်ပွား





ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်၊ရွာသစ်ကုန်းကျေးရွာတွင်
ကလေးခိုးမှုဖြစ်ပွား
++++++++++++++++++++++++++++++++++++++++++
ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်၊ရွာသစ်ကုန်းကျေးရွာ၊မူလတန်းကျောင်း
တွင်ပညာသင်ကြားနေသော ဒုတိယတန်းကျောင်းသူ မလင်းလင်းခိုင်
အသက် (10) နှစ်အား ကျောင်းချိန်အတွင်း မောင်ဝေလုကျော်(ခ) ရဲရင့်ကျော်မှ
တာဝန်ကျဆရာထံတွင် ကျွန်တော့်ညီမလေးပါ အ၀တ်ထည်ဝယ်ပေးချင်လို့ပါ
ကျွန်တော်စစ်သားပါ ဟုပြောဆိုပြီး(2-2-2017) နေ့လည်ပိုင်းအချိန်တွင်
ကျောင်းမှ လိမ်လည်ပြီးခေါ်ဆိုသွားပါသည်။
အဆိုပါ မောင်ဝေလုကျော်(ခ) ရဲ၇င့်ကျော်မှာ စစ်သားမဟုတ်ပဲ
ထောင်ထွက်တစ်ဦးဖြစ်ကြောင်း ထောင်မှထွက်လာတာမကြာသေးကြောင်း
နှင့် မည်သည့်နေရာတွင်နေထိုင်ကြောင်းမသိရကြောင်း။
ကလေးမိဘများဖြစ်သော ဦးကျော်အောင်+ဒေါ်အေးအေးခိုင်တို့မှပြောကြားပါ
သည်။ မှော်ဘီမြို့မ ရဲစခန်းတွင် လူပျောက်မှုတိုင်ကြားထားပြီး။
တွေ့ရှိသူများသည် မှော်ဘီရဲစခန်း ဖုန်းနံပါတ် 01-620001 သို့ဆက်သွယ်သတင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

No comments:

Post a Comment